Thursday, February 3, 2011

Chinese New Year , Chinese Garden နဲ့ အနီရောင်

တရုပ်နှစ်သစ်ကူး အလုပ်ပိတ်တဲ့ ပထမဆုံးရက် မှာ Chinese Garden ကိုရောက်တယ်။ မိုးက ရွာလိုက်တိတ်လိုက်မို့ထင်တယ်။လူသိပ် မရှိဘူး။ ရှိတဲ့လူတွေလည်း မိုးရွာလိုက် အမိုးအောက်ဝင်ပြေးလိုက်၊ မိုးတိတ်လိုက် လမ်းထွက်လျှောက်လိုက်နဲ့ ...။စင်္ကာပူ နိုင်ငံ ဧရိယာ ကျဉ်းကျဉ်းလေးမှာ Chinese Garden ကို နေရာအကျယ်ကြီးပေးထားတယ်။ ဒါပေမယ့် မြေကညီညီညာညာမရှိပဲ အနိမ့် အမြင့်တွေများတယ်။ရေကန် နဲ့ရေမြောင်းတွေလည်း များတယ်။နေရာကျယ်သလောက် အတွင်းထဲမှာကျတော့ ဘာမှသိပ်မရှိဘူးပြောလို့ရတယ်။ Guinness World Records မှတ်တမ်းဝင်တယ်ဆိုတဲ့ လိပ် ပြတိုက်(The lives turtle & Tortoise Museum) လည်း တိတ်ဆိတ်ပြီး ဆွဲဆောင်မူမရှိတာနဲ့ အပေါက်ဝကလှည့်ပြန်ခဲ့တယ်။အမှန်အတိုင်ပြောရရင် ၀င်ကြေး မပေး ရဘူဆိုရင်တော့ ၀င်ကြည့်ဖြစ်မှာပါပဲ။
Bonsai Garden ကိုတော့ ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်။Bonsai တွေက ပြုစုမူ နဲနေတော့ မလှပတော့ဘူး။ သစ်ပင်၊အလှစိုက်ပင်ဆိုတာ သူငယ်ချင်းအပေါင်းအသင်းတွေလိုပဲ ရံဖန်ရံခါ ပြုစုပေးဖို့ လိုအပ်တယ်ဆိုတာ စီစဉ်သူတွေမေ့နေကြတယ်ထင်ပါရဲ့...။
ငယ်ငယ်ကတည်းက တရုတ်လူမျိုးလို့ အသံကြားရင် အနီရောင်နဲ့တွဲပြီးမြင်တယ်။ နောက်ပြီး မဟာတံတိုင်းကြီးရယ် ကော့ပျံနေတဲ့အမိုးတွေနဲ့အဆောက်အဦးတွေ မီးပုံးလေးတွေရယ် ...။ နောက်ပြီး မုံညင်းချည် ရယ်...။
Chinese New Year အပြင်အဆင်တွေထဲမှာ လိမ္မော်သီး နဲ့ လိမ္မော်ပင် တွေကလည်းအတော် အရေးပါပုံရတယ်။ ခုရက်ပိုင်း Chinese garden ကို သွားဖို့ အစီအစဉ်ရှိတယ်ဆိုရင် တော့စားစရာဘာမှဝယ်သွားဖို့မလိုပါဘူး။ လိမ္မော်သီးတွေပေါမှပေါ...း) ။
အပြင်မှာမိုးအုံ့နေတော့ ဒီထဲမှာလူတွေများတယ်။ဒီလိုအဆောက်အဦး ကိုမြင်ရရင်အတွင်း ထဲမှာ ဘာ ရှိသလဲလို့ သိချင်မိတယ်။ တကယ်တမ်းအတွင်းထဲရောက်တော့ ထုံးစံအတိုင်း ( Iron Orchard ရှေ့က Christmas Tree ထဲကလို လှိုင်ခေါင်းကြီး တစ်ခုပဲတွေ့ရတာ ၊ထူး ဆန်းတယ်...း)။
စင်္ကာပူနိုင်ငံသား တွေ မတွေ့ရသလောက်ပဲ။ ထုံစံအတိုင်း မြန်မာတွေ အတော်များများတွေ့တယ်။
ခုံ ဒီဇိုင်လေးကထူးဆန်းတယ်။ တွဲထားပေမယ့် ဆန့်ကျင်ဖက်။ ဒါဆိုလဲဘာလို့တွဲထားသေးလဲနှော၊ ခံစားလို့မရဘူး။ မကြိုက်ဘူး...။
Bonsai Garden ပိတ်ထားပေမယ့် အပြင်ကနေလှမ်းရိုက်ခဲ့တယ်။ အမှန်အတိုင်းဆိုရင် အဲ့ဒီကို Bonsai ကြည်ဖို့ ရည်ရွယ်ပြီးသွားခဲ့တာ...။ အပြင်ကနေပဲ လှမ်းငေးခဲ့ရတယ်။ ၀င်ကြေးက ဖရီးဆိုတော့ မတန်ဘူး ပြောရမယ်။...း)

3 comments:

  1. တန်ပါတယ် ရောက်ဖူးသွားတာပေါ့ တို့ဆိုမရောက်ဘူးသေးဘူး
    ပုံ
    သူငယ်ချင်း

    ReplyDelete
  2. ခုံဒီဇိုင်းလေးပဲ ကြိုက်တာ..။
    ကဲ...



    ပုံ။
    သူများနဲ့ ကန့်လန့်တိုက်တတ်သူ

    ReplyDelete
  3. မရောက်ဖူးသေးဘူး

    ReplyDelete