Wednesday, May 19, 2010

ကျွန်ုပ်တို.၏ ရည်ရွယ်ချက်

ကျနော်တို. ကလေးဘ၀ မြန်မာစာစရေးတတ်ပြီဆိုကတည်းက ကျောင်းမှာ စာစီစာကုံးလေးတွေ ရေးကြရတဲ.အထဲ အဓိကခေါင်းစဉ်လေးတွေက ကျွန်ုပ်တို.၏ ရည်ရွယ်ချက်၊ကျွန်ုပ်တို.၏ပါတ်ဝန်းကျင်၊ငါတို.ကျောင်း၊ တို.ဆရာ.....စိတ်ဝင်စားစရာလေးတွေ။
စာစီစာကုံး မရေးရသေးခင် ခေါင်းစဉ်လေးပေးပြီး ၊ဘယ်လိုရေးရမယ် ဘာအကြောင်းလေးတွေထည့်ရေးသင့်တယ်၊နိဒါန်း စာကိုယ်နိဂုံး ရှင်ပြယင်း ဆရာမကquestion out သေးတယ်။
ကဲ ရွှေဥ ထ... သမီးကြီးယင်ဘာလုပ်မလဲ...
ဆရာဝန်ကြီးလုပ်မယ်ဆရာမ...
ကဲ ချစ်မောင် ကရော...
အင်ဂျင်နီယာ လုပ်မယ်...
ဂွက်ထော်ကရောကွယ်...
အပျိုကြီး လုပ်မယ် ဆရာမ...
ဒီလိုနဲ့ အင်္ဂလိပ်စာရေးတတ်လာတောရော essayေ၇းမယ်ဆိုယင် my hobby ,my school, my ambition နဲ့စကြရတာပါပဲ။
ဒီလိုနဲ့ဆယ်တန်းဖြေပြီးကြတော့ ဆယ်တန်းအောင်ပြီးယင် ဆိုတာကိုစဉ်းစားရပြန်ရော..။
ဆရာဝန် အင်ဂျင်နီယာတော့အမှတ်မမှီနိုင်မှန်းသိတော့ဖယ်ရတာပေါ။ ဘာလုပ်မလဲ ဘာလုပ်မလဲ...။
အမှတ်ကိုစောင့်ပေါ့။အမှတ်မှီတဲ့လိုင်းထဲက အမြင့်ဆုံးလိုင်းကိုလိုက်ရမှာပဲ။အဖြေက ဒါပဲထွက်တယ်။
အမှတ်တွေထွက်လာရော။ဖြစ်နိုင်မယ့်အမြင့်ဆုံးလိုင်းကနေ စတင်လိုက် တဲ့။
ကျလာတော့ ဓာတုဗေဒတဲ့၊ ဘာဖြစ်လဲနော့ ဘွဲ့တစ်ခုရ ပြီးတာပဲ။
ဒီလိုနဲ.ပဲ University အကြီးကြီး မှာ အတွေ့အကြုံဗလဗွ၊ဟိုရှူတ် ဒီရှူတ်နဲ့ အချိန်တန်တော့ကျောင်းကဘွဲ့တစ်ခုပေးပြီးကန်ထုတ်လိုက်တယ်။ .
ကဲ ဘွဲ့တော့ရပြီ။ ဘွဲ့ရတဲ့၊ ပညာတတ်တဲ.... အဲ...
ဘာလုပ်မလဲ။ဘ၀မှာရှင်သန်နေဖို(ဘာဖို့ညာဖို)အလုပ်တစ်ခုခုတော့လုပ်ရမယ်။
ကျောင်းဆရာ၊ကျူရှင်ဆရာ၊စာရေး၊ ပြာတာ
မန်နေဂျာ၊ ပွဲစား၊ ရေဆေးဆီလိုက်၊ ဘွဲ့ရကွမ်းယာ...။
စေ.ထားသောတံခါးများ၊ဖွင့်ထားသောတံခါးများ၊ပိတ်ထာသောတံခါးများ...
ကဲ ဘာလုပ်မလဲ။
ဒီလိုနဲ့ပဲ စိုက်ပျိုးရေး ၀ါသနာပါတဲ့ဓါတုဗေဒ ဘွဲ.ရကြီး(.........)က အမေ့ဆိုင်မှာဈေးကူရောင်းနေလိုက်တယ်။
အဲ့ဒီနောက်တော့ရော....
စင်္ကာပူ မှာ.........
ဘာလုပ်ရသလဲ လို့မမေးနဲ့။...
ဟာသလား ဘာလားတော့မသိ၊ကြားဖူးတာတခုရှိတယ်။ ရည်ရွယ်ချက်နဲ့ ၀ါသနာကို ခွေးတစ်ထိုင်သဘော မထားပါနဲ့တဲ့...
ထားသင်ရင်လည်းထားရမှာပဲ ကိုယ်လူရေ။

Tuesday, May 11, 2010

Married But Available

           အိမ်ထောင်သည် တွေကို အကြံ တစ်ခု ပေးချင်တယ်။
           ဒီလို လက်စွပ် ကလေးတွေ လုပ်ဝတ်ကြပါလားလို့....။

Friday, May 7, 2010

မနေ့က တင်လို.မရတဲ.ပုံ ကလေးတွေ

          ဆ၇ာ kom ,ကျေးဇူပါနော်။ mail ကနေစမ်းတင်ကြည်.တာ...

Thursday, May 6, 2010

ငွေတုံး ငွေခဲများ

သူများအပြောဆို ယုံမည်မဟုတ်။
ဂဏန်း တစ်ကောင် S$ 218.(155434 Ks.)
တစ်နပ်စာ ဟင်းတစ်ခွက်သာစားနိုင်သော ထိုဂဏန်း၏ တန်ဖိုးက မိမိနှစ်ရှည်လများပတ်သော နာရီ၏တန်ဖိုးထက်မက။မိမိလက်ထဲသို.ထိုဂဏန်းကြီး မတော်တဆ ရောက်လာပါ ကမစားရက် မသောက်ရက် ဒုတ်ခေ၇ာက်၇ ဖို.အကြောင်း၇ှိသည်.။ကံမကောင်းလှစွာ ချက်ပြီးသားဂဏန်း ဟင်း ပန်းကန် ကြီးကျနော်.ရှေ.ေ၇ာက်လာလ.ို ကလော်စားမိပါကလည်း ကျနော်.ပါးစပ်ကြီးေ၇ာင်ရမ်း လာဖွယ်၇ာရှိ၏။ ဟီဟီး...
တရုပ်စာတွေ နဲ.လေးထောင်.ဖရဲသီးကြီးကတစ်လုံး S$ 50.95.
ဒါကတော.စားဖို.ဟုတ်မည်မထင်။ဘုရားတင်ဖို. နတ်တင်ဖို. ဖြစ်နှိင်သည်။
ကျောက်သခွားသီး တစ်လုံး S$ 69.
စတောပဲသီး( ၉ )လုံးတစ်ကဒ် S$ 22.90(မေ မြို.မှာ ပေါမှပေါ။ တစ်ချို. အလုံးတွေဆို ဒီထက်ကြီးသေး။)
ဒါတွေကတော အချိုပွဲ အတွက်။
မြန်မာပြည်မှ အဖေက ကုန်ဈေးနှုန်များအကြောင်း စကားစပ် မိလျှင်
မင်းတို.ဟာကကွာ ငွေတုံး ငွေခဲတွေ ကိုက်စားနေရ သလိုပဲ ကွ ဟု ပြောတတ်သည်။ အခု ဒီဈေးနှုန်းများအကြောင်းအဖေ ကြားလျှင် အဖေ မည်သို.ပြောမည်မသိ။

Sunday, May 2, 2010

ဘာမှမလုပ်တတ်သေးလို.....

၇ိုက်ထားတဲ့ပုံလေးတွေအစမ်းတင်ကြည်.တာ ..ဆရာမပြ နည်းမကျ။
အ ခက်အခဲတွေက အမျိုးမျိုးနဲ.....
ဆ၇ာ တစ်ယောက်လောက်တော. မွေး ..အဲ ....ရှာဦးမှ...