Tuesday, November 2, 2010

MediaCorp Subaru Impreza Challenge

ဘာမှမခက်ပါဘူး။ လက်ကလေးကို သတ်မှတ်ထားတဲ့နေရာ မှာ အပြားလိုက် ကပ်ထားရုံပါပဲ။ အဲဒီလို အကြာဆုံးနေနိုင်တဲ့သူ ကို Subaru Impreza 2.5 MT အသစ်စက်စက် တစ်စီးပေးမှာပါ။
(၉) ကြိမ်မြောက်MediaCorp Subaru Impreza Challenge ကို(၃၀.၁၀.၂၀၁၀.) စနေနေ့ က စပြီးက Ngee Ann City Cevic Plaza ရဲ့ရှေ့မှာကျင်းပနေပါတယ်။ဒီနှစ် ပြိုင်ပွဲဝင်သူ ဦးရေ (၄၀၀) ရှိပါတယ်။စင်္ကာပူ၊ ဟောင်ကောင်၊ထိုင်ဝမ်၊ တရုတ်၊ အင်ဒိုနီးရှား၊ ယိုးဒယား နဲ့ ဗီယက်နမ် နိုင်ငံ သားများပါဝင်ယှဉ်ပြိုင်ကြပါတယ်။
အမျိုးသမီး ၊အမျိုးသားခွဲခြားမူ့မရှိ၊ စည်းမျည်းတပြေးညီ ယှဉ်ပြိုင်ရပါသတဲ့။ပြိုင်ပွဲဝင်သူတွေ ဟာ မအိပ်ရပါဘူး။ အမိုးအကာ မရှိတဲ့ ကွင်းကြီးထဲမှာ နေပူရင် အခြောက်၊မိုးရွာရင် အစို နေရပါတယ်။ ထီး ၊ဦးထုပ်ဆောင်းခွင့်မရှိပါဘူး။
နေပူပူ မိုးရွာရွာ၊ နေ့နေ့ ညည

break အနေနဲ့ (၆)နာရီ ခြားတစ်ကြိမ် (၅)မိနစ်နားခွင့်ရှိပါတယ်။အဲ့ဒီ (၅) မိနစ်အတွင်းရေသောက်၊အစာစား၊ အပေါ့ အပါး သွားခွင့်ပေးပါတယ်။
ပြိုင်ပွဲဝင်ထားရတဲ့ အတွက် ညောင်းညာနာကျင် ကိုက်ခဲနေတဲ့ ခန္ဓာကိုယ် ရဲ့ ဘယ်အစိတ်အပိုင်း ကိုပဲဖြစ်ဖြစ် အညောင်းဖြေ နှိပ်နယ်ပေးဖို့ Massager တွေ အနားမှာအဆင်သင့်ရှိပေမယ့် အဲဒီ နာချိန်(၅) မိနစ်လေး အတွင်းမှာပဲ အနှိပ်ခံခွင့် ရှိတာပါတဲ့။
ကျားကုတ် ကျားခဲ(ဒီပုံ လေးအကြိုက်ဆုံးပဲ)

မနေ့ ည က ကျွန်တော် အဲဒီကိုရောက်တဲ့အချိန်မှာ သူတို့ပြိုင်နေကြတာနာရီပေါင်း(၃၀) ကျော်နေပြီ။ ဒါတောင် ပြိုင်ပွဲဝင်သူပေါင်း (၁၀၀) ကျော်ဇွဲကောင်းကောင်းနဲ့ ပြိုင်နေကြတုန်းပါ။ဒါပေမယ် တချို့ဆို ပိန်လိမ်နေကြပါပြီ။
အချိန် အကြာဆုံးနေနိုင် သူ ၊စံချိန်တင်ထားသူကတော့ (၂၀၀၈) ခုနှစ်က ပြိုင်ပွဲမှာ နာရီပေါင်း(၈၂)နာရီနီးပါး ကြာ သည်အထိနေနိုင်ခဲ့တဲ့စင်္ကာပူနိုင်ငံသား ဂျော့လီ ဆိုသူဖြစ်ပါသတဲ့။
အနမ်း(တစ်ကယ်နမ်းနေတာမဟုတ်ဘူး။ သူ့မှာ ပင်ပန်းလွန်းလို့...)

ပြိုင်ပွဲကို ကြည့်နေရင်းနဲ့ပဲ စိတ်ထဲမှာတို့ မြန်မာနိုင်ငံသားတွေ စင်္ကာပူတစ်နိုင်ငံလုံးဟိုနားတွေ့ ဒီနားတွေ့နဲ့ အခု ဒီပြိုင်ပွဲမှာတစ်ယောက်မှ မပြိုင်ကြပါလား ၊ ဘာလို့ပါလိမ့်လို့ စဉ်းစားမိတယ်။ ဘာလို့များပါလိမ့် ...။
အဲ... သူများတွေ ၀င် မပြိုင်ကြတော့ မင်းဝင်ပြိုင်ပါလားလို့ပြောမယ်ဆိုရင်တော့..။ အဲ.. အဟဲ... Subaru လေးတော့လိုချင်သား...။Soooo tired.. .

မှတ်ချက်...။ ။ ဘာမှတ်ချက်မှ ရေးမထားဘူး။

Monday, October 18, 2010

ကွတ်ကီသူခိုး( ဖေမြင့် ဘာသာပြန်)


တစ်ညလေဆိပ်တစ်ခုမှာ အမျိုးသမီးတစ်ယောက်လေယာဉ်စောင့်နေသည်။ သူစီးရမည့်လေယာဉ်ကနာရီပေါင်းများစွာကြာအောင်စောင့်ရဦးမည်။ လေဆိပ်ကဆိုင်မှာ သူစာအုပ်တစ်အုပ်ရှာသည်။ ပြီး ကွတ်ကီတစ်ထုပ်ဝယ်ကာ တစ်နေရာမှာကျောက်ချထိုင်နေလိုက်သည်။စာအုပ်ကို သဲသဲမဲမဲ ဖတ်နေရင်းကသူတစ်ခုသတိထားမိလာသည်။ ကြည့်စမ်း။ သူမနံဘေးက လူသည်အတင့်ရဲလှချည်လား။သူတို့နှစ်ယောက်ကြားမှာရှိနေသည့် ကွတ်ကီထုပ်ထဲကကွပ်ကီတွေ တစ်ခုလား နှစ်ခုလားနှိုက်ယူသည်။ပြောမနေချင်သည်နှင့် သည်ကိစ္စကို သူ မသိချင်ယောင်ဆောင်နေလိုက်သည်။
အမျိုးသမီးစာဆက်ဖတ်သည်။ ကွတ်ကီကိုလည်းမြုံ့သည်။ မကြာခဏ နာရီကိုလည်း ကြည့်ရသည်။ အတင့်ရဲလှ သည့် ကွတ်ကီသူခိုးကြောင့် သူ့အထုပ်ထဲရှိမုန့်ကလျော့သထက်လျော့လာသည်။နာရီ စက် တချက်ချက်ရွေ့သည်နှင့်အမျှ သူ့စိတ်ကလည်းတိုသထက်တိုလာသည်။"အင်း ငါလို သိပ်သဘောကောင်းတဲ့သူမို့သာပေါ့၊နို့မို့မျက်ခွက်ပစ်ထိုးမိမှာ"သူ့စိတ်ထဲကကျိတ်ရေရွတ်သည်။

သူ့စိတ်ထဲဘယ်လိုနေနေ ဟိုလူကတော့ ကွတ်ကီတစ်ခုကိုယ်နှိုက်လျှင် သူလည်းတစ်ခုနှိုက်သည်။ အထုပ်ထဲ တစ်ခုတည်းကျန်သည့်အခါ ဒီလူဘာလုပ်မလဲ အမျိုးသမီးစောင့်ကြည့်သည်။ ကြည့်စမ်း၊မျက်နှာမှာ အပြုံးစနှင့်၊ ခပ်ဟက်ဟက်တစ်ချက်ရယ်လျက် သူကနောက်ဆုံး ကွတ်ကီကို ယူကာ နှစ်ပိုင်းပိုင်းသည်။

ပြီး အမျိုးသမီးကိုတစ်ပိုင်းပေးပြီး၊ ကျန်သည့်တစ်ပိုင်းသူစားသည်။ အမျိုးသမီး သူပေးသည့်တစ်ပိုင်းကို ဆတ်ခနဲ ဆွဲယူပြီးစဉ်းစားသည်။"ကြည့်စမ်းပါဦးတော်၊ဒီလူက ရဲတင်းရုံမက ရိုင်းလဲရိုင်းသေးတယ်၊ကျေးဇူးတင်တဲ့အမူအရာ တောင်တစ်စက်ကလေးမှ ပြဖော်မရဘူး"

အမျိုးသမီးစိတ်မှာ ဒီလောက်ကြိတ်မနိုင် ခဲမရ အခံရခက်တာမျိုး တစ်ခါမျှမကြုံဖူးခဲ့။လေယာဉ်ခရီးစဉ် ခေါ်ပြီဆိုတော့မှလွတ်ပြီ ကျွတ်ပြီဟု စိတ်ထဲ အများကြီးပေါ့သွားပြီး သက်ပြင်းချသည်။သူများကွတ်ကီနှိုက်စားပြီး ကျေးဇူးတင်စကားတစ်ခွန်းမှမပြောသည့် အဲသည်လူကို တစ်ချက်မျှပင် လှည့်ကြည့်မနေပဲ ကိုယ့်အိတ်တွေဆွဲပြီး လေယာဉ်ထွက်မည့်ဂိတ်ဆီ သူထွက်လာခဲ့သည်။

လေယာဉ်ပေါ်ရောက်သည်။ထိုင်ခုံမှာ ထိုင်ချလိုက်ပြီး ပြီးခါနီးစာအုပ်ကိုဆက်ဖတ်ရန် အိတ်ထဲနှိုက်သည်။ အဲသည်အခါကျမှ သူ အကြီးအကျယ်အံ့အားသင့်ကာ ဟယ်ခနဲဖြစ်သွားရသည်။သူဝယ်လာသည့် ကွတ်ကီထုပ်က သူ့ဆီမှာပဲရှိနေသည်။

"ငါ့အထုပ်ဒီမှာဆို ဟိုဟာသူ့အထုပ်ပေါ့။ "အမျိုးသမီးအကြီးအကျယ်စိတ်ဓာတ်ကျသွားသည်။"သူ ငါ့ကို စားပါစေလို့ပေးနေတာကိုး၊" ဟိုလူ့ကို သူ အကြီးအကျယ်အားနာသွားသည်။ခုမှတော့ တောင်းပန်ဖို့လည်းမဖြစ်နိုင်တော့။သူမ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်သွားမိသည်။ ခုတော့...သူမသာလျှင် ရိုင်းသောသူ ၊ သူမသာလျှင် သူတစ်ပါးမုန်ကိုနိုက်စားသူ။ ကွတ်ကီသူခိုး...။



The Cookie Thief
by Valerie Cox


A woman was waiting at an airport one night,
With several long hours before her flight.
She hunted for a book in the airport shops.
Bought a bag of cookies and found a place to drop.

She was engrossed in her book but happened to see,
That the man sitting beside her, as bold as could be.
Grabbed a cookie or two from the bag in between,
Which she tried to ignore to avoid a scene.

So she munched the cookies and watched the clock,
As the gutsy cookie thief diminished her stock.
She was getting more irritated as the minutes ticked by,
Thinking, "If I wasn't so nice, I would blacken his eye."

With each cookie she took, he took one too,
When only one was left, she wondered what he would do.
With a smile on his face, and a nervous laugh,
He took the last cookie and broke it in half.

He offered her half, as he ate the other,
She snatched it from him and thought... oooh, brother.
This guy has some nerve and he's also rude,
Why he didn't even show any gratitude!

She had never known when she had been so galled,
And sighed with relief when her flight was called.
She gathered her belongings and headed to the gate,
Refusing to look back at the thieving ingrate.

She boarded the plane, and sank in her seat,
Then she sought her book, which was almost complete.
As she reached in her baggage, she gasped with surprise,
There was her bag of cookies, in front of her eyes.

If mine are here, she moaned in despair,
The others were his, and he tried to share.
Too late to apologize, she realized with grief,
That she was the rude one, the ingrate, the thief.

How many times in our lives,
have we absolutely known
that something was a certain way,
only to discover later that
what we believed to be true ... was not?



Source: Chicken Soup for the Soul, copyright 1996 by Jack Canfield and Mark Victor Hansen
Author: Valerie Cox

မှတ်ချက်...

http://www.quantum-leap-strategies.com/ မှ မူရင်းကို ယူပါသည်။
ကြွက်ကလေး ကို google က ယူပါသည်။

Saturday, October 9, 2010

War/No More Trouble

အခုတလော ခဏခဏ ပြန်နားထောင်ဖြစ်တဲ့ သီချင်းဟောင်းလေး တစ်ပုဒ်ပါ။ သီချင်းကိုလည်းကြိုက်တယ်။ ဒီသီချင်းထဲမှာ ပါတဲ့ အနုပညာရှင်တွေရဲ့ အားထုတ်မူကိုလည်း လေးစား အားကျတယ်။
ဒီသီချင်းကိုနားထောင်ဖြစ်တိုင်း ဒီအသက် ဒီအရွယ် ထိလောက အကျိုးပြုတဲ့အလုပ် ဘာတစ်ခုမှ (ဘယ်လိုပုံစံ မျိုးနဲ့မှ)မလုပ်ဖြစ် မလုပ်နိုင်သေးတာကို သတိရပြီး အားမလို အားမရဖြစ်မိတယ်။ကိုယ့်ခြေထောက်ပေါ်ကိုယ်မြဲအောင်ရပ်နိုင်ဖို့ မိသားစုကိုထောက်ပံ့ ဖို့ နဲ့ပဲ အချိန်တွေကုန်နေတော့တယ်။တိုးတက်မှူကအားရစရာ မရှိသေးဘူး ။ (ကိုယ့်အား ကိုယ်ကိုး ပြီးသမာအာဇီဝနဲ့ဝမ်းကျောင်းနိုင်တာကိုပဲ ကျေနပ်ရမလိုဖြစ်ဖြစ်နေတယ်။)
ကြိုးစားနေတယ်ဆိုတာထက် ရုန်းကန်နေ တယ်လို့ ဆိုရင် ပိုမှန်လိမ့်မယ်။ တရွေ့ရွေ့ကုန်နေတဲ့ အချိန်တွေကိုနှမြောမိတယ်။နောက်ပြီး ဒီအချိန်တွေကုန်သွားတိုင်း ကုန်သွားတိုင်း တစ်ရက်ပြီးတစ်ရက် ကြီးကြီး လိုက်လာတဲ့ အသက် အရွယ်တွေ...။

Sunday, October 3, 2010

အတောင်ညောင်းတဲ့ ငှက်( အံ့မောင်)













ငန်းတစ်အုပ်ဟာ အေးတဲ့ဒေသကနေပြီး ပူနွေးတဲ့တိုင်းပြည်တွေရှိရာဆီ ပျံနေကြသတဲ့။ ပင်လယ်ပြင်ကြီးပေါ်မှာ ပျံကြရတာ။တစ်နေ့နဲ့ တစ်ည နောက်တစ်နေ့နဲ့နောက်တစ်ည မရပ်မနားပျံကြသတဲ့။
ထက်ကောင်းကင်မှာ လမင်းကြီးက ပြည့်ပြည့် ၀န်းဝန်းသာနေတယ်။ အောက်မှာတော့ပင်လယ်ရေပြင်ပြာ။
ငန်းတွေဟာ တောင်ပံခတ်ရတာ ညောင်းလှပြီ။ ဒါပေမယ့်မနားဘူး။ ဆက်ပျံနေတာပဲ။ သန်သန်စွမ်းစွမ်း ငန်းကြီးတွေက ရှေ့ကပျံတယ်။ ပျော့တဲ့ငန်းငယ်တွေက နောက်ကလိုက်ကြတယ်။
ငန်းငယ်တစ်ကောင်ဟာ အုပ်ရဲ့နောက်စွန်းကပျံလာတယ်။ အားကုန်လှပြီ။ တောင်ပံကို ဆက်ခတ်နေရသေးပေမယ့်ပျံနိုင်အားမရှိတော့ဘူး။အဲဒီတော့ ခတ်အားလျော့ပြီးတော့ အောက်ကို တရွေ့ရွေ့ကျလာတယ်။ ရေပြင်နဲ့နီးနီးလာပြီ။ ရှေ့က ငန်းတွေကတော့ဆက်ပျံနေတာပဲ။ တဖြည်းဖြည်းမှုန်မှုန်သွားပြီး လရောင်မှာ အဖြူ စက်ကလေးတွေပဲ ကျန်တော့သတဲ့။
ငန်းငယ်ကတော့ ရေပြင်ပေါ်ကျသွားတယ်။သူ့တောင်ပံတွေကိုလဲရုပ်လိုက်ပြီ။ ပင်လယ်ရေကသူ့ပတ်ပတ်လည်မှာ တဖျတ်ဖျတ်တေးသံကျူးလို့ သူ့ကို တငြိမ့်ငြိမ့်လှုပ်လွှဲပေးနေတယ်။ ငန်းအုပ်ကြီးကတော့ အခုဆိုယင် လရောင်ဝင်းတဲ့ ကောင်းကင်ပြင်မှာ အဖြူမျှင်မှုန်မှုန်မှေးမှေးကလေးသာ ရှိတော့သတဲ့။ ငြိမ်တိတ်နေတဲ့ည၀န်းကျင်မှာ ငန်းတွေရဲ့တောင်ပံခတ်သံကို သဲ့သဲ့ ကြားရသတဲ့။ နောက်တော့အားလုံးပျောက်သွားရော။
ငန်းငယ်ဟာ သူ့လည်တံရှည်ကြီးကို ကွေးပြီး မျက်လုံးကို မှေးမှိတ်ထားလိုက်တယ်။တုတ်တုတ်မှမလှုပ်ဘူး။ ပင်လယ်ရေလှိုင်း တငြိမ့်ငြိမ့်လှုပ်သလောက်သာ သူဟာနိုမ့်ချည် မြင့်ချည်ဖြစ်နေတယ်။ လင်းခါနီးကျတော့ လေပြေကလေးသွေးလာလို့ လှိုင်းအိကလေးတွေကြွလာတယ်။ ငန်းငယ်ရဲ့ဖြူဖြူဖွေးဖွေး ရင်အုံဆီကို ရေမှုံရေမွှားကလေးတွေ စဉ်လို့။ ငန်းကလေးဟာ မျက်စိဖွင့်ကြည့်လိုက်တယ်။ အရှေ့ကောင်းကင်ကြီးလဲ နီရဲနေပြီ။ ဖိုးလမင်း နဲ့ ကြယ်ကလေးတွေလည်း အရောင်ဖျော့သွားကြပြီ။ ငန်းငယ်က သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး သူ့လည်တိုင်ကိုညွတ်ကွေး ဆန့်ထုတ်လိုက်တယ်။ တောင်ပံကိုတစ်ချက်နှစ်ချက်ခတ်ပြီး ရေပြင်ပေါ်ကကြွလိုက်တယ်။ တောင်ပံတစ်ချက်ခတ်တိုင်း တောင်ပံစွန်းနဲ့ ရေပြင်နဲ့ သွားတွေ့ကြတယ်။ သူဟာပျံတက်ပြီ။ အမြင့်ကြီးရောက်သွားပါပြီ။ ရေပြင်ကြီးဟာလဲ အောက်အဝေးကြီးမှာ ကျန်ရစ်တော့တယ်။
ငန်းငယ်ဟာ ပူနွေးတဲ့တိုင်းပြည်တွေရှိရာဘက်ဆီကိုပျံပြီ။ သူ့အဖော်တွေ ပျံသန်းခဲ့တဲ့လမ်းအတိုင်း ငြိမ်သက်နေတဲ့ရေပြင်ကြီးကို ကျော်ပြီးပျံပြီ။

LEV TOLSTOI ' S "THE SWANS" ကိုအံ့မောင် ပြန်ဆိုသည်။


" THE SWANS "
A flock of swans were flying from the cold regions to lands that were warm.They were flying over the sea, flying a day and a night, and another day and a night over the waters, without ever resting. A full moon hung in the sky over them and below they saw the blue of the sea. All were tired flapping their wings, but they flew on, never pausing.The strong old swans flew in the lead, followed by the younger and the weaker. One young swan flew just behind the flock. His strength was ebbing. Though still winging on, he could not fly any farther. Lowering his wings then, he glided downwards, closer and closer to the water, while his mates flew on until they were but fading spots of white in the moon light.
The young swan sank to the water and folded his wings.The sea rustled all around, rocking him gently. The flock now was only a dim strip of white of the moonlit sky.In the stillness he could yet hear the whirring of their wings.
When they were gone, he arched his neck back and closed his eyes. He did not stir , rising and falling only with the large folds of the sea.A light wind rippled the surface just before dawn, and spray splashed his white breast. He opened his eyes and saw the sky red in the East. The Moon and stars had grown dimmer. The swan sighed, arched his neck, flapped his wings and rose, touching the water with their tips at every stroke. He flew higher and higher ; and when the water was far below,he sped forward where the warm lands lay, crossing the silent waters over which his mates had flown.

( Leo Tolstoy )LEV TOLSTOI
ပုံကို http://www.lrgcoaching.com/ မှ ယူပါသည်။

Saturday, September 11, 2010

စင်္ကာပူ ဈေးကွက်ထဲမှ မြန်မာ့ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ

ဝိပဿီ

အင်္ဂါနံ ဘုရား

ဒီ ရုပ်ပွားတော်တွေဟာ အများ ကိုးကွယ်ဖို့အတွက် အလှူရှင် တစ်စုံတစ်ယောက်က လှူဒါန်းထားတာဖြစ်ပါတယ်။
ဘယ်လို တင်သွင်းခဲ့ကြတာလဲ။
ဘယ်သူ တွေက၀ယ်မှာ လဲ။
ဘာလုပ်ဖို့ ၀ယ်မှာလဲ။
ဘယ်လောက် နဲ့ ရောင်းမလဲ။
သေချာတာကတော့ နိဗ္ဗာန်ကုန် မဟုတ်တော့တာပဲ။ဒါတွေဟာ ရှေးဟောင်း အမွေအနှစ်တွေ ဖြစ်တဲ့အပြင် ဘာသာရေးပစ္စည်း တွေဖြစ်တယ်။
Tanglin shopping centre က ဆိုင် တစ်ချို့မှာ မြန်မာ့ရှေးဟောင်းလက်ရာ ကနုတ်ပန်းများ၊ပုရပိုဒ် များပါ တွေ့ရပါတယ်။

မှတ်ချက်.....၀ိပဿီ၊ အဂါင်္နံ ဘုရား စသော စာများမှာ ဆင်းတုတော် တွင် ထွင်းထားသောစာများဖြစ်ပါသည်။

Wednesday, August 18, 2010

Singapore Zoo

စင်္ကာပူ မှာလည်စရာ နေရာတွေ အများကြီး ရှိတဲ့ အထဲက Singapore Zoo ဟာလဲ နာမည်ကြီး တစ်ခုပါ။ အခု ဆိုရင် Singapore Zoo , Night Safari အပြင် တွဲလျှက် ဘေးနားမှာပဲ River Safari ပါ တိုးချဲ့ နေပါပြီ။

တိရိစ္ဆာန်တွေ ကိုသူတို့ရှင်သန်တဲ့နေရာသဘာဝနဲ့တူအောင် ကြိုးစား ဖန်တီးပေးထားတာ တွေ့ရပါတယ်။

ကလေး တွေကိုစီးခွင့်ပြုတဲ့ လိပ်ကြီးပါ။ ကလေး တွေကစီးချင်တယ်ဆိုရင်တောင်မှ အုပ်ထိန်းသူ မိဘတွေ အနေနဲ့ ခွင့်မပေးသင့်ဘူးထင်ပါတယ်။

Sentosa ရောက်တုန်းက ပန်းပွင့်ပုံနဲ့လမ်းညွှန် လေးတွေ တွေ့တော့ သဘောကျလွန်းလို့ဖန်တီးသူရဲ့စိတ်ကူးကို စိတ်ထဲက တိတ်တိတ် ချီးကျူးခဲ့ဖူးပါတယ်။ဒီ ရောက်တော့ တိရိစ္ဆာန်တွေ ရဲ့ ခေါင်းပြတ်ပုံ လမ်းညွှန်တွေ မြင်ရတော့ တိရိစ္ဆာန်တွေကိုပို သနား မိတယ်။

Splash Safari Show မှာ စိတ်ဝင်တစားကြည့် နေကြတဲ့ ပရိသတ်ကြီးပါ။ အားလုံး ပျော်ရွှင်ကြပါရဲ့လား ။

မျောက်ထိန်း နဲ့မျောက်မိသားစု။ Feeding Time ပါ။ မျောက်တွေနဲ့တွဲပြီး ဓာတ်ပုံရိုက် ချင်သူတွေ တွဲရိုက်လို့ရပါတယ်။တစ်ယောက်ကို$ 5 ပါ။

တိရိစ္ဆာန် တစ်ချို့အတွက် တစ်နေရာကတစ်နေရာ ကိုပြောင်းတဲ့ရွှေ့တဲ့အခါ သုံးတဲ့ Box ပါ။

Flying Fox တွေပါ။ သူတို့ကအပင်မှာနားနေတဲ့အခါ ဇောက်ထိုးပါ။ သူတို့အပေါ့အပါးသွားတဲ့အခါ ဘယ်လို ဘယ်ပုံဆိုတာမျိုး တစ်ခါမှ မစဉ်းစားဖူးပါ။ ဒါပေမယ့်ကျနော်သူတို့ကိုကြည်နေတဲ့ အချိန်မှာပဲ တစ်ကောင်ကိုပုံစံတစ်မျိုးနဲ့ သေးပေါက်ပါတယ်။

တစ်ကောင်က ဇောက်ထိုးဆွဲထားရာကနေ လူတွေဘာတန်းဆွဲသလိုမျိုး အနေအထားပြောင်လိုက်ပြီး သေးပေါက်ပါတယ်။ နောက်တစ်ကောင်ကတော့ ဇောက်ထိုးအနေအထားကနေ မပြောင်းပဲ သူ့ကိုယ်ကို သူ့သရေပြားလို အတောင်ပျံနဲ့ ကာလိုက်ပါတယ်။ ကာပြီးမှ သေးပေါက်ချပါတယ်။ သူ့တောင်ပျံ အရေပြားက သေးမတင်ပါဘူး။အဲ့လိုမှ မပေါက်ရင် သူတို့တစ်ကိုယ်လုံး စိုကုန်မှာပါ။

တိရိစ္ဆာန် တွေ ကို ခြံတွေခတ်ထားပေမယ့် သူတို့အပြင်ကိုမထွက်စေတဲ့အဓိက အကာအရံ တွေက သူတို့ခြံတွေရဲ့ နယ်နိမိတ်တွေမှာ သွယ်တန်းထားတဲ့ လျှပ်စစ်လွှတ်ထားတဲ့ နန်းကြိုးတွေပါ...

polar Bears တွေ အဲကွန်းတပ်ထားတဲ့ သားရဲတွင်းတွေ ထဲမှာ အသားပေါင်းတွေ စား စီးကရက်တွေသောက်ရင်း လက်ဖက်ရည်သောက်နေကြလေမလား...

Monday, August 9, 2010

အချိန်မီ(နန္ဒာသိန်းဇံ)


``ကျွန်တော်မူးပေမယ့် ကျွန်တော့်ဒဿနကတော့ မမူးပါဘူး'' တဲ့။မူးလာရင် ဒီစကားကို သူက ပြောနေကျ...။
``ကျွန်တော် သောက်တာက ကြိုက်လို့သောက်တာပါ၊ ကြိုက်တာကလည်း ကောင်းလို့ပေါ့ ၊ကောင်းလို့ကြိုက်တာပဲ ဖြစ်ရမှာပေါ့။ ကောင်တယ်ထင်လို့ လူတွေလုပ်ကြတာပဲ၊ကျွန်တော်ကတော့ ကောင်းမှန်းသိလို့ကိုသောက်တာ၊ကောင်းတယ်ဆိုပြီး လုပ်ခဲ့တာတွေဟာပဲ အခုတော့ မကောင်းတာတွေ ဖြစ်လာပြီ။"
ဒီစကားတွေကလည်း မူးလာရင် သူပြောနေကျ။
ဟုတ်ပါရဲ့သူ့မျက်နှာ၊သူ့အသားအရည်တွေက အရင်က လိုစိုစိုပြည်ပြည်မရှိကြတော့...သူ့မျက်စိတွေက အရင်တစ်ခါတွေတုန်းကထက် ပိုပြီးမှုန်ဝါးသွားတာ သေချာတယ်။
''ပြောဖူးတယ်...ဟုတ်၊အဲဒီတုန်းက ဟင်္သာနှစ်ကောင်နဲ့သစ်ပင်စောင့်နတ်ကြီးကြားက ဒိုင်ယာလော့ကို ဒီလောက်အရေးကြီးမှန်းမသိခဲ့ဘူး။"
ဒီစကား ကလည်း မူးလာလို့တွေ့ကြရင် သူပြောနေကျစကား။
သူပြောတဲ့သစ်ပင်စောင့်နတ်ကြီးဆိုတာက ရေခံတက်ပင်စောင့် ရုက္ခစိုးကို ဆိုလိုတာပါ။
ရေကန်ကြီတစ်ခုအနားမှာေ၇ခံတက်ပင်တစ်ပင်ရှိတယ်။ အဲဒီေ၇ခံတက်ပင်ကိုအမှီပြုပြီး ရုက္ခစိုးနတ်ကဘုံဗိမာန်လုပ်နေရတယ်။အဲဒီေ၇ခံတက်ပင် ပေါ်ကို ဟင်္သာနှစ်ကောင်က လာလာပြီးနားလေ့ရှိတယ်။လာပြီး နားနေပါများတော့ ရုက္ခစိုး နဲ့ဟင်္သာနှစ်ကောင် ကရင်းနှီးသူတွေဖြစ်လာတယ်။ တစ်နေ့မှာ ညောင်ပင်ငယ်ကလေးတစ်ပင် အဲဒီေ၇ခံတက်ပင်ရဲ့ အကိုင်းခွကြားတစ်ခုမှာ ပေါက်နေတာကိုဟင်္သာ တွေကမြင်တယ်၊မြင်တော့...အမြှော်အမြင်ရှိကြတဲ့ဟင်္သာတွေကရုက္ခစိုး ကိုအသိပေးတယ်။ အဲဒီညောင်ပင်ကိုမြန်မြန် ရှင်းပစ်လိုက်၊ အချိန်မီ မရှင်းလို့နောင်ကြီးထွားလာရင် ရေခံတက်ပင်ကိုမြိုသွားမယ်။ ဒီအခါမှာရုက္ခစိုးအတွက် နေစရာဗိမ္မာန်ပျောက်သွားမယ်လို့ပြောပြကြတယ်။ ဒါပေမယ့်...ရုက္ခစိုးက အလေးအနက် လည်းမထားတတ်ဘူး။ ဒီတော့ ...ညောင်ပင်ငယ်ကို ငယ်တုန်း ဖယ်ရှားမပစ်မိဘူး။ဒီတော့ တဖြည်းဖြည်းနဲ့ ညောင်ပင်ငယ်ဟာ ကြီးထွားခွင့်ရလာတယ်။ နောက်ဆုံးမှာ ကြီးမားတဲ.ညောင်ပင်ကြီးဟာ ရေခံတက်ပင်ကို အကုန်လုံး ၀ါးမြိုပစ်လိုက်လို့ရုက္ခစိုးခမျာ ဘုံပျောက်ခဲ့ရတယ်။
အကျင့်စရိုက်ဆိုးဆိုတာကိုလည်း နုတုန်းငယ်တုန်းမှာဖယ်ရှားပစ်ရတယ်။မဖယ်ရှားပဲ ကြီးထွားခွင့် ပေးလိုက်ရင်အဲ.ဒီအကျင့်ဆိုးဟာ ဘ၀တစ်ခုလုံးမြိုတော့တာပဲ၊ ရုက္ခစိုးက ဘုံပျောက်ရုံပျောက်တာ၊အကျင့်ဆိုး အမြိုခံရသူကတော့ ဘ၀တစ်ခုလုံး ဆုံးမှာ။
ရုက္ခစိုးဘုံပျောက်သွားတဲ့နေရာအထိ ပြောလာပြီးယင်သူက...''ကျွန်တော့်ဒဿနက မမူးပါဘူး ''လို့ ပြောပြန်ေ၇ာ။''ဟင်္သာနှစ်ကောင်နဲ့သစ်ပင်စောင့်နတ်ကြီးကြားက ဒိုင်ယာလော့ကို ဒီလောက်အရေးကြီးမှန်းမသိခဲ့ဘူး"လို့ ပြောပြန်ေ၇ာ။ပြီးတော့...
ကျွန်တော့် ကိုအခု အရက်ကမြိုနေပြီ၊သိတယ်၊မြိုခွင့်ပေးခဲ့မိတာကိုး၊သိတယ်။ ဒီသောက်တဲ့အကျင့်ကိုဖယ်ခဲ့ရမှန်းသိတယ်။...ဖယ်ရမှန်းသိတယ်။ကျွန်တော့်ဒဿန မမူးပါဘူး ၊သိတယ်၊သိပေမယ့် ဖယ်လို့ကမရတော့ဘူး၊မရနှိုင်တော့ဘူး...
ဒီစကားတွေကလည်း သူမူးယစ်နေချိန် တွေလိုက်ရင် ပြောနေကျစကားတွေပါ။
***
လကုန်ရက်တွေမှာ သူ ရောက်လာလေမလားလို့ မျှော်မိပါသေးတယ်။
သူ ရောက်မလာတော့ပါ။
သူ...နောင်တကင်းရာ ဘ၀ကို ရောက်ပါစေလို့ပဲ ဆုတောင်းရပါတယ်။

[အင်တာဗျူးဂျာနယ်၊ ဇူလိုင် ၂၀၀၂]
မှတ်ချက်...နောင်တ ကင်းရာသို. စာအုပ်မှ

Monday, August 2, 2010

Singapore Botanic Gardens မှ အမှတ်တရ...ပုံလေးများ



ပုံတွေ ရိုက်ခဲ့တာအများကြီး၊ တင်ရခက်လို့...

Saturday, July 17, 2010

Sea Stars

မေရီဝင်းက ကိုယ်တိုင်ရေး ကိုယ်တိုင်ဂစ်တာတီး ပြီး ကိုယ်တိုင်ဆိုတဲ့၊ မြန်မာစကား မပြောတတ်တဲ့ မြန်မာလူမျိုး အဆိုတော်တစ်ယောက် ပါ။
အသံချိုချိုနဲ့သူ့သီချင်း အေးအေး လေးတွေ က စိတ်အေးလက်အေးဆိုယင် နားထောင်လို့ ကောင်းပါတယ်။

Monday, July 5, 2010

Signs

ကျနော် ဘလော့စာမျက်နှာတွေ ပေါ် မရောက်ခင်တုန်းက YouTube, Metacafe နဲ. online movie (www.pipi.cn) တွေပေါ်မှာ အားတိုင်း ရှိနေခဲ့ဘူးတယ်။ကြည့်ခဲ့ သမျှ ထဲက ကြိုက်တဲ့ ဇတ်လမ်းတို အဟောင်းလေး တစ်ခုပါ။

Sunday, July 4, 2010

ဟေ့ဟေ့မနှင်းဆီ

မြန်မာတွေ သီချင်းသံကြားလို့ သွားကြည့်မိတာ။ ဆိုသူဆို ကသူကနဲ့ လေးစားလျှက်ပါ။

မြန်မာတွေ ဆို က အပြီး ကုလားလေးတွေ လည်း ဗုံတီးသေး။ နောက် asian တော့asian ပါ ပဲ။ သို့သော် ဘာလူမျိုးမှန်း မသိ။

လက်နှက်တွေအကုန်ထုတ်သုံးပြီး လေမုန်တိုင်းတွေတိုက်။ အပြင် အတွင်းလည်း ခွဲခြားပုံ မရတဲ့...

shake ,shake..ပြီးယင်း ..shake.....,shakira ,lady gaga ပျင်းတောင်ပျင်းသေး နေ့ခင်းကြောင်တောင် ဆလိုက်မပါ ဘာမပါနဲ့၊စင်က အနှိုမ့်နောက်ပြီး အနီးကပ် show ကြီး...

အဖြူကောင်ကလည်း အမှူတ်ကောင်း (တရုတ်လို)

သူတို့က တာကိုကြည့်ယင်း ကယ်လီဖိုးနီးယား ဖစ်နက်စ် က ကဒ်လေးတစ်ခုစီလောက် လက်ဆောင်ပေးရ ကောင်းမလားလို့စဉ်းစားမိ။ခစ်ခစ်

Thursday, July 1, 2010

Green Fingers

အရိုးကိုဖြတ် ၊ဆေးသုတ်ပြီးမှ တစ်ခါပြန်စိုက်ထားတော့ အသွင်သစ်နဲ့ အပင်လေး..

အိမ်သာထဲက အပင်ကလေး။သနားစရာ...

အဆောက်အဦးကြီးထက် အပေါ်က အပင်တွေကို ပိုစိတ်ဝင်စားတယ်





ကျနော်က အလှစိုက်ပန်းပင်လေးတွေကို ၀ါသနာပါ ပါတယ်။
စင်္ကာပူ ရောက်တော့ စင်္ကာပူကပန်းပင် တွေကိုလိုက်ကြည့် ပညာယူယင်း ဓာတ်ပုံလေး တွေ ရိုက်ဖြစ်တယ်။
အများအားဖြင်.တော့ ကျနော်တို့ဆီမှာ တွေ့နေကျအပင်တွေ များတယ်။ ဒါပေမယ့် ဒီမှာတွေ့ရတဲ့ အပင်တွေက နိုင်ငံခြားကသွင်းတဲ့ အပင်တွေပဲ များတယ် ထင်ပါရဲ့။ပန်းပင် အရောင်းဆိုင်တွေ များပေမယ့် အပင်ထုတ်တဲ့ပန်းပျိုးခြံတွေက နဲပါတယ်။
အဲဒီထဲကမှ ကျနော်တို့ဆီမှာမတွေ့ခဲ့ဘူးတဲ့ အပင်လေးတွေ အပြင်အဆင်လေးတွေ အသစ်အဆန်းလေးတွေလည်းတွေ့ရ ပါတယ်။
တကယ်လို့များ အခြေအနေ ပေးမယ်ဆိုယင် ၀ါသနာပါတဲ့ စီးပွားရေးအလုပ် ပန်းပျိုးခြံလေးဖွင့်ပြီး အေးအေးဆေးဆေး နေချင်ပါရဲ့။

Wednesday, May 19, 2010

ကျွန်ုပ်တို.၏ ရည်ရွယ်ချက်

ကျနော်တို. ကလေးဘ၀ မြန်မာစာစရေးတတ်ပြီဆိုကတည်းက ကျောင်းမှာ စာစီစာကုံးလေးတွေ ရေးကြရတဲ.အထဲ အဓိကခေါင်းစဉ်လေးတွေက ကျွန်ုပ်တို.၏ ရည်ရွယ်ချက်၊ကျွန်ုပ်တို.၏ပါတ်ဝန်းကျင်၊ငါတို.ကျောင်း၊ တို.ဆရာ.....စိတ်ဝင်စားစရာလေးတွေ။
စာစီစာကုံး မရေးရသေးခင် ခေါင်းစဉ်လေးပေးပြီး ၊ဘယ်လိုရေးရမယ် ဘာအကြောင်းလေးတွေထည့်ရေးသင့်တယ်၊နိဒါန်း စာကိုယ်နိဂုံး ရှင်ပြယင်း ဆရာမကquestion out သေးတယ်။
ကဲ ရွှေဥ ထ... သမီးကြီးယင်ဘာလုပ်မလဲ...
ဆရာဝန်ကြီးလုပ်မယ်ဆရာမ...
ကဲ ချစ်မောင် ကရော...
အင်ဂျင်နီယာ လုပ်မယ်...
ဂွက်ထော်ကရောကွယ်...
အပျိုကြီး လုပ်မယ် ဆရာမ...
ဒီလိုနဲ့ အင်္ဂလိပ်စာရေးတတ်လာတောရော essayေ၇းမယ်ဆိုယင် my hobby ,my school, my ambition နဲ့စကြရတာပါပဲ။
ဒီလိုနဲ့ဆယ်တန်းဖြေပြီးကြတော့ ဆယ်တန်းအောင်ပြီးယင် ဆိုတာကိုစဉ်းစားရပြန်ရော..။
ဆရာဝန် အင်ဂျင်နီယာတော့အမှတ်မမှီနိုင်မှန်းသိတော့ဖယ်ရတာပေါ။ ဘာလုပ်မလဲ ဘာလုပ်မလဲ...။
အမှတ်ကိုစောင့်ပေါ့။အမှတ်မှီတဲ့လိုင်းထဲက အမြင့်ဆုံးလိုင်းကိုလိုက်ရမှာပဲ။အဖြေက ဒါပဲထွက်တယ်။
အမှတ်တွေထွက်လာရော။ဖြစ်နိုင်မယ့်အမြင့်ဆုံးလိုင်းကနေ စတင်လိုက် တဲ့။
ကျလာတော့ ဓာတုဗေဒတဲ့၊ ဘာဖြစ်လဲနော့ ဘွဲ့တစ်ခုရ ပြီးတာပဲ။
ဒီလိုနဲ.ပဲ University အကြီးကြီး မှာ အတွေ့အကြုံဗလဗွ၊ဟိုရှူတ် ဒီရှူတ်နဲ့ အချိန်တန်တော့ကျောင်းကဘွဲ့တစ်ခုပေးပြီးကန်ထုတ်လိုက်တယ်။ .
ကဲ ဘွဲ့တော့ရပြီ။ ဘွဲ့ရတဲ့၊ ပညာတတ်တဲ.... အဲ...
ဘာလုပ်မလဲ။ဘ၀မှာရှင်သန်နေဖို(ဘာဖို့ညာဖို)အလုပ်တစ်ခုခုတော့လုပ်ရမယ်။
ကျောင်းဆရာ၊ကျူရှင်ဆရာ၊စာရေး၊ ပြာတာ
မန်နေဂျာ၊ ပွဲစား၊ ရေဆေးဆီလိုက်၊ ဘွဲ့ရကွမ်းယာ...။
စေ.ထားသောတံခါးများ၊ဖွင့်ထားသောတံခါးများ၊ပိတ်ထာသောတံခါးများ...
ကဲ ဘာလုပ်မလဲ။
ဒီလိုနဲ့ပဲ စိုက်ပျိုးရေး ၀ါသနာပါတဲ့ဓါတုဗေဒ ဘွဲ.ရကြီး(.........)က အမေ့ဆိုင်မှာဈေးကူရောင်းနေလိုက်တယ်။
အဲ့ဒီနောက်တော့ရော....
စင်္ကာပူ မှာ.........
ဘာလုပ်ရသလဲ လို့မမေးနဲ့။...
ဟာသလား ဘာလားတော့မသိ၊ကြားဖူးတာတခုရှိတယ်။ ရည်ရွယ်ချက်နဲ့ ၀ါသနာကို ခွေးတစ်ထိုင်သဘော မထားပါနဲ့တဲ့...
ထားသင်ရင်လည်းထားရမှာပဲ ကိုယ်လူရေ။

Tuesday, May 11, 2010

Married But Available

           အိမ်ထောင်သည် တွေကို အကြံ တစ်ခု ပေးချင်တယ်။
           ဒီလို လက်စွပ် ကလေးတွေ လုပ်ဝတ်ကြပါလားလို့....။

Friday, May 7, 2010

မနေ့က တင်လို.မရတဲ.ပုံ ကလေးတွေ

          ဆ၇ာ kom ,ကျေးဇူပါနော်။ mail ကနေစမ်းတင်ကြည်.တာ...

Thursday, May 6, 2010

ငွေတုံး ငွေခဲများ

သူများအပြောဆို ယုံမည်မဟုတ်။
ဂဏန်း တစ်ကောင် S$ 218.(155434 Ks.)
တစ်နပ်စာ ဟင်းတစ်ခွက်သာစားနိုင်သော ထိုဂဏန်း၏ တန်ဖိုးက မိမိနှစ်ရှည်လများပတ်သော နာရီ၏တန်ဖိုးထက်မက။မိမိလက်ထဲသို.ထိုဂဏန်းကြီး မတော်တဆ ရောက်လာပါ ကမစားရက် မသောက်ရက် ဒုတ်ခေ၇ာက်၇ ဖို.အကြောင်း၇ှိသည်.။ကံမကောင်းလှစွာ ချက်ပြီးသားဂဏန်း ဟင်း ပန်းကန် ကြီးကျနော်.ရှေ.ေ၇ာက်လာလ.ို ကလော်စားမိပါကလည်း ကျနော်.ပါးစပ်ကြီးေ၇ာင်ရမ်း လာဖွယ်၇ာရှိ၏။ ဟီဟီး...
တရုပ်စာတွေ နဲ.လေးထောင်.ဖရဲသီးကြီးကတစ်လုံး S$ 50.95.
ဒါကတော.စားဖို.ဟုတ်မည်မထင်။ဘုရားတင်ဖို. နတ်တင်ဖို. ဖြစ်နှိင်သည်။
ကျောက်သခွားသီး တစ်လုံး S$ 69.
စတောပဲသီး( ၉ )လုံးတစ်ကဒ် S$ 22.90(မေ မြို.မှာ ပေါမှပေါ။ တစ်ချို. အလုံးတွေဆို ဒီထက်ကြီးသေး။)
ဒါတွေကတော အချိုပွဲ အတွက်။
မြန်မာပြည်မှ အဖေက ကုန်ဈေးနှုန်များအကြောင်း စကားစပ် မိလျှင်
မင်းတို.ဟာကကွာ ငွေတုံး ငွေခဲတွေ ကိုက်စားနေရ သလိုပဲ ကွ ဟု ပြောတတ်သည်။ အခု ဒီဈေးနှုန်းများအကြောင်းအဖေ ကြားလျှင် အဖေ မည်သို.ပြောမည်မသိ။

Sunday, May 2, 2010

ဘာမှမလုပ်တတ်သေးလို.....

၇ိုက်ထားတဲ့ပုံလေးတွေအစမ်းတင်ကြည်.တာ ..ဆရာမပြ နည်းမကျ။
အ ခက်အခဲတွေက အမျိုးမျိုးနဲ.....
ဆ၇ာ တစ်ယောက်လောက်တော. မွေး ..အဲ ....ရှာဦးမှ...