ကျွန်တော်လည်း စင်္ကာပူမှာ နေရာ အနှံ့မရောက်ဘူးတဲ့နေရာမရှိရလေအောင်(မိန်းမ အိမ်သာကလွဲလို့) လျှောက်သွားပါတယ်။ အားတာနဲ့ အပြင်လစ်တော့တာပါပဲ။
ပြီးခဲ့တဲ့ sunday ကMBS အတွင်းထဲ ကိုရောက်ခဲ့တယ်။ အပေါ် တော့မတက်ဖြစ်သေးဘူး။ အဖော်ပါမှ တက်မယ်စိတ်ကူးတာ ။ တစ်ယောက်ထဲဆိုတော့လည်းပျင်းချောက်ချောက်နဲ့မို့လေ...။
La Lecture
ဒီရုပ်ထုကိုတွေ့တော့ သဘောကျလို့ ဓာတ်ပုံရိုက်ခဲ့တယ်။ အပေါ်ပိုင်းသေးသေး အောက်ပိုင်းကြီးကြီးနဲ့ အမျိုးသမီး တစ်ယောက် စာ ထိုင်ဖတ်နေတဲ့ပုံ ပါ။ အ၀တ် အစားမပါဘူးလို့ပြောဖို့ ခက်ပါတယ်။ Modern Art တွေမှာ ပန်းချီ ဖြစ်ဖြစ် ပန်းပု ဖြစ်ဖြစ် ခံ စားသူကစိတ်အတွေး ကျယ်သလောက် ထုတ်နှုတ်၊ ဖြည့်စွတ် ခံစားနှိုင်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမယ့် ဒီ Sculpture က Sexy ဖြစ်တယ်ဆိုတာတော့ ငြင်းဖို့ ခက်ပါလိမ့်မယ်။ ဒီအရုပ်ကို ကျွန်တော် တော့ သဘောကျပါတယ်။



The Thinker
တရုပ်နှစ်ကူးတုန်းက Sentosa မှာရိုက်ခဲ့တဲ့ တွေးခေါ်ရှင်ရုပ်ထုပါ။ ဒီကမ္ဘာကျော် ရုပ်ထုကိုကြည့်ရတာ (လူတွေရှုပ်ရှက်ခတ်နေတဲ့ကြားထဲ အ၀တ်မပါ ဘာမပါနဲ့ ထိုင်တွေးနေတာမို့ )မျက်နှာပူ စရာကောင်းပါတယ်။ Realism Sculpture မို့လို့ ဒီပုံကတော့ အ၀တ်အစားမပါတာ သေခြာပေါက်ပြောလို့ရပါတယ်။သူ့ကိုကြည့်ရတာတွေးတောဆင်ခြင်နေပုံလည်းမရှိသလိုပဲ။ ထိုင်ပြီး ညာဖက်လက်ထောက်ထားပုံကလည်း သက်တောင့်သက်သာမရှိ၊ အကျဉ်းအကျပ် အခက်အခဲတစ်ခုခုတွေ့နေပုံပေါက်ပါတယ်။ သူ လည်း သူ့ကိုဖန်တီးသူက ငါ့ကို ဘာလို့အ၀တ်အစားဆင် မပေးတာပါလိမ့်လို့ပဲ စဉ်းစားနေတာဖြစ်ပါလိမ့်မယ်။တကယ်တော့ ဒီရုပ်ထုကနေရာ အဆင်မပြေတာလို့ထင်ပါတယ်။ လမ်းလယ်ခေါင်ကြီးဆိုတော့ကြည့်ရတာအဆင်မပြေပါဘူး။ ပန်းခြံ သို့မဟုတ် အဆောက်အဦးကြီးကြီးရဲ့ အတွင်းပိုင်း ဆိတ်ငြိမ် တဲ့နေရာမှာနေရာချသင့်ပါတယ်။
ဒီပုံကိုမြင်တော့ငယ်ငယ်တုန်းကကြည့်ခဲ့ဘူးတဲ့ တစ်ကွက်ကာတွန်းလေးကို သွားသတိရတယ်။ Museum တစ်ခုကLeonardo da Vinci ရဲ့ နာမည်ကျော် Mona Lisa ပန်းချီကား ရဲ့ရှေ့မှာ The Thinker ကို စီစဉ်သူတွေကနေရာချထားတယ်။ မိုနာလီစာက တွေးခေါ်ရှင်ကိုကြည့်ပြီး ရယ်တာ(မကြည့်ပဲမနေနှိုင်ဘူးထင်ပါရဲ့) အသံတွေတောင်ထွက်လို့ ဆိုပဲ။


La Lecture ဆိုတာ စပိန်ပန်းချီဆရာ
ReplyDeleteပီကာဆိုရဲ့ ပန်းချီကားအမည်..။
ဟိုတနေ့က သတင်းစာမှာဖတ်လိုက်ရတယ်.။
အဲ့ပန်းချီထဲက မိန်းကလေးက သူ့ရဲ့ တိတ်တိတ်ပုန်းချစ်သူ။
ပီကာဆို အသက်၄၀ကျော်မှာ အဲ့ကောင်မလေးကိုတွေ့တာတဲ့။
အဲဒီတုန်းက ကောင်မလေးက ၁၇နှစ်ပဲရှိသေးတယ်ဆိုပဲ..။
အဲဒီပန်းချီကားက သူ့တိတ်တိတ်ပုန်းရီးစားကောင်မလေး
စာအုပ်ဖတ်ရင်း အိပ်ပျော်နေပုံ လို့ ဆိုတယ်.။
အဲဒီနာမည်ကျော်ပန်းချီကားကို ဟိုတလောကပဲလန်ဒန်မှာ
လေလံပစ်တာ ပေါက်ဈေးရဲ့ ၂ဆလောက်ရသွားတယ် ဆိုပဲ..။
( သြော်...
သတင်းစာဖတ်ခြင်း အကျိုးကျေးဇူးက မသေးပါ့လား)