Tuesday, November 2, 2010

MediaCorp Subaru Impreza Challenge

ဘာမှမခက်ပါဘူး။ လက်ကလေးကို သတ်မှတ်ထားတဲ့နေရာ မှာ အပြားလိုက် ကပ်ထားရုံပါပဲ။ အဲဒီလို အကြာဆုံးနေနိုင်တဲ့သူ ကို Subaru Impreza 2.5 MT အသစ်စက်စက် တစ်စီးပေးမှာပါ။
(၉) ကြိမ်မြောက်MediaCorp Subaru Impreza Challenge ကို(၃၀.၁၀.၂၀၁၀.) စနေနေ့ က စပြီးက Ngee Ann City Cevic Plaza ရဲ့ရှေ့မှာကျင်းပနေပါတယ်။ဒီနှစ် ပြိုင်ပွဲဝင်သူ ဦးရေ (၄၀၀) ရှိပါတယ်။စင်္ကာပူ၊ ဟောင်ကောင်၊ထိုင်ဝမ်၊ တရုတ်၊ အင်ဒိုနီးရှား၊ ယိုးဒယား နဲ့ ဗီယက်နမ် နိုင်ငံ သားများပါဝင်ယှဉ်ပြိုင်ကြပါတယ်။
အမျိုးသမီး ၊အမျိုးသားခွဲခြားမူ့မရှိ၊ စည်းမျည်းတပြေးညီ ယှဉ်ပြိုင်ရပါသတဲ့။ပြိုင်ပွဲဝင်သူတွေ ဟာ မအိပ်ရပါဘူး။ အမိုးအကာ မရှိတဲ့ ကွင်းကြီးထဲမှာ နေပူရင် အခြောက်၊မိုးရွာရင် အစို နေရပါတယ်။ ထီး ၊ဦးထုပ်ဆောင်းခွင့်မရှိပါဘူး။
နေပူပူ မိုးရွာရွာ၊ နေ့နေ့ ညည

break အနေနဲ့ (၆)နာရီ ခြားတစ်ကြိမ် (၅)မိနစ်နားခွင့်ရှိပါတယ်။အဲ့ဒီ (၅) မိနစ်အတွင်းရေသောက်၊အစာစား၊ အပေါ့ အပါး သွားခွင့်ပေးပါတယ်။
ပြိုင်ပွဲဝင်ထားရတဲ့ အတွက် ညောင်းညာနာကျင် ကိုက်ခဲနေတဲ့ ခန္ဓာကိုယ် ရဲ့ ဘယ်အစိတ်အပိုင်း ကိုပဲဖြစ်ဖြစ် အညောင်းဖြေ နှိပ်နယ်ပေးဖို့ Massager တွေ အနားမှာအဆင်သင့်ရှိပေမယ့် အဲဒီ နာချိန်(၅) မိနစ်လေး အတွင်းမှာပဲ အနှိပ်ခံခွင့် ရှိတာပါတဲ့။
ကျားကုတ် ကျားခဲ(ဒီပုံ လေးအကြိုက်ဆုံးပဲ)

မနေ့ ည က ကျွန်တော် အဲဒီကိုရောက်တဲ့အချိန်မှာ သူတို့ပြိုင်နေကြတာနာရီပေါင်း(၃၀) ကျော်နေပြီ။ ဒါတောင် ပြိုင်ပွဲဝင်သူပေါင်း (၁၀၀) ကျော်ဇွဲကောင်းကောင်းနဲ့ ပြိုင်နေကြတုန်းပါ။ဒါပေမယ် တချို့ဆို ပိန်လိမ်နေကြပါပြီ။
အချိန် အကြာဆုံးနေနိုင် သူ ၊စံချိန်တင်ထားသူကတော့ (၂၀၀၈) ခုနှစ်က ပြိုင်ပွဲမှာ နာရီပေါင်း(၈၂)နာရီနီးပါး ကြာ သည်အထိနေနိုင်ခဲ့တဲ့စင်္ကာပူနိုင်ငံသား ဂျော့လီ ဆိုသူဖြစ်ပါသတဲ့။
အနမ်း(တစ်ကယ်နမ်းနေတာမဟုတ်ဘူး။ သူ့မှာ ပင်ပန်းလွန်းလို့...)

ပြိုင်ပွဲကို ကြည့်နေရင်းနဲ့ပဲ စိတ်ထဲမှာတို့ မြန်မာနိုင်ငံသားတွေ စင်္ကာပူတစ်နိုင်ငံလုံးဟိုနားတွေ့ ဒီနားတွေ့နဲ့ အခု ဒီပြိုင်ပွဲမှာတစ်ယောက်မှ မပြိုင်ကြပါလား ၊ ဘာလို့ပါလိမ့်လို့ စဉ်းစားမိတယ်။ ဘာလို့များပါလိမ့် ...။
အဲ... သူများတွေ ၀င် မပြိုင်ကြတော့ မင်းဝင်ပြိုင်ပါလားလို့ပြောမယ်ဆိုရင်တော့..။ အဲ.. အဟဲ... Subaru လေးတော့လိုချင်သား...။Soooo tired.. .

မှတ်ချက်...။ ။ ဘာမှတ်ချက်မှ ရေးမထားဘူး။

5 comments:

  1. ညီမ မသိလိုက်လို့ ပါနော်။
    သိရင်တော့လား....ဟင်းးဟင်း ....ခုလောက်ဆို
    လွတ်လပ်ရွှေ ရဲ့ ခုတင်ထားတဲ့ Post လေးထဲမှာ
    ယောင်တောင်ပေါင်တောင်နဲ့ ပါနေလောက်ပြီ။ :P
    ခင်မင်လျှက်....ခင်မာလာအောင်...:)

    ReplyDelete
  2. ကိုလက်ညိုးစိမ်းကရော ဝင်ပြိုင်တာကျလို့..။
    ဘာပဲဖြစ်ဖြစ်..
    ထီပေါက်ရင်
    အဲ့ကားမျိုးတစီးလောက် ပေးပါ..။

    ReplyDelete
  3. အချိန်ကုန်ထျာာ အေ သူတို့မှာ အချိန်တွေ သိပ်ပေါနေလားမသိဘူး ပေါနေရင် များကို ပေးလိုက်ဇမ်းးးဘာာ များ မှာ တနေ့ ၂၄ နာရီမလောက်ရတဲ့ကြားထဲ ဟွင့်

    ReplyDelete
  4. နိပ်စက်နေသလိုဘဲ။

    ReplyDelete
  5. ရုံးက လုပ်ဖော်ကိုင်ဖက် တစ်ယောက် သွားပြိုင်တယ်။ ၅၇ နာရီနဲ့ လက်လျှော့ပြီး ပြန်လာတယ်။ လက်ကို နေလောင်လို့ ၂ ရက်လောက် ထပ်နားလိုက်ရတယ်။ :)

    ReplyDelete