Saturday, January 8, 2011

အပြာရောင်








အလုပ်ချိန်တွေက များတော့ စာဖတ်ချိန်မရဘူး။ စာဖတ်အား နည်းတော့ ဘာရေးလိုက် ရေးလိုက် အဆင်မပြေ ဘူးဖြစ်နေတယ်။ နောက်ပြီး အလုပ်အားတဲ့ အချိန်ဆိုရင်လည်း အိမ်မှာနေရတာ မွန်းကျပ်နေတာနဲ့ အပြင်ထွက်ဖြစ်တာ များတယ်။ ဓာတ်ပုံလေး တွေတော့ ရိုက်ဖြစ်ပါရဲ့။ဒါပေမယ့် ဓာတ်ပုံလေးတွေ လဲ တင်တာ နောက်ကျနေပြန်ရော။ ဒီဇင်ဘာတုန်းက ရိုက်ထားတဲ့ ပုံ လေးတွေပါ။
စာသိပ်မရိုက်ဖြစ်တော့ ဘလော့ဂါကြီးတွေပြောနေကြတဲ့ ဦးနီ တို့ ဇော်ဂျီတို့ ကိစ္စ တွေ ဦးနှောက်စား စရာမလိုသေးဘူးပေါ့။
ဦးနီက ပိုကောင်းတယ် ဆိုပြီးအများကပြောင်းကြပြီ ဆိုရင်တော့လည်း ဘလော့လေးအသက်ရှည်အောင် နောက်ကလိုက်ပြီးပြောင်းရုံပါပဲ။ ဆရာ့ နောက်ကလိုက်ရုံပေါ့။ ဘာခက်လို့လည်း...။အေးဆေး...ပဲ။

3 comments:

  1. ဦးနီ ကောင်းမှန်းသိပေမယ့် ကျနော်ကတော့ ဇော့်ကိုပဲဆက်ချစ်သွားမည်း)

    ReplyDelete
  2. ပြာပြာတွေချည်းး..။
    ပြာလိုက်တာ..။

    ReplyDelete