Monday, October 18, 2010

ကွတ်ကီသူခိုး( ဖေမြင့် ဘာသာပြန်)


တစ်ညလေဆိပ်တစ်ခုမှာ အမျိုးသမီးတစ်ယောက်လေယာဉ်စောင့်နေသည်။ သူစီးရမည့်လေယာဉ်ကနာရီပေါင်းများစွာကြာအောင်စောင့်ရဦးမည်။ လေဆိပ်ကဆိုင်မှာ သူစာအုပ်တစ်အုပ်ရှာသည်။ ပြီး ကွတ်ကီတစ်ထုပ်ဝယ်ကာ တစ်နေရာမှာကျောက်ချထိုင်နေလိုက်သည်။စာအုပ်ကို သဲသဲမဲမဲ ဖတ်နေရင်းကသူတစ်ခုသတိထားမိလာသည်။ ကြည့်စမ်း။ သူမနံဘေးက လူသည်အတင့်ရဲလှချည်လား။သူတို့နှစ်ယောက်ကြားမှာရှိနေသည့် ကွတ်ကီထုပ်ထဲကကွပ်ကီတွေ တစ်ခုလား နှစ်ခုလားနှိုက်ယူသည်။ပြောမနေချင်သည်နှင့် သည်ကိစ္စကို သူ မသိချင်ယောင်ဆောင်နေလိုက်သည်။
အမျိုးသမီးစာဆက်ဖတ်သည်။ ကွတ်ကီကိုလည်းမြုံ့သည်။ မကြာခဏ နာရီကိုလည်း ကြည့်ရသည်။ အတင့်ရဲလှ သည့် ကွတ်ကီသူခိုးကြောင့် သူ့အထုပ်ထဲရှိမုန့်ကလျော့သထက်လျော့လာသည်။နာရီ စက် တချက်ချက်ရွေ့သည်နှင့်အမျှ သူ့စိတ်ကလည်းတိုသထက်တိုလာသည်။"အင်း ငါလို သိပ်သဘောကောင်းတဲ့သူမို့သာပေါ့၊နို့မို့မျက်ခွက်ပစ်ထိုးမိမှာ"သူ့စိတ်ထဲကကျိတ်ရေရွတ်သည်။

သူ့စိတ်ထဲဘယ်လိုနေနေ ဟိုလူကတော့ ကွတ်ကီတစ်ခုကိုယ်နှိုက်လျှင် သူလည်းတစ်ခုနှိုက်သည်။ အထုပ်ထဲ တစ်ခုတည်းကျန်သည့်အခါ ဒီလူဘာလုပ်မလဲ အမျိုးသမီးစောင့်ကြည့်သည်။ ကြည့်စမ်း၊မျက်နှာမှာ အပြုံးစနှင့်၊ ခပ်ဟက်ဟက်တစ်ချက်ရယ်လျက် သူကနောက်ဆုံး ကွတ်ကီကို ယူကာ နှစ်ပိုင်းပိုင်းသည်။

ပြီး အမျိုးသမီးကိုတစ်ပိုင်းပေးပြီး၊ ကျန်သည့်တစ်ပိုင်းသူစားသည်။ အမျိုးသမီး သူပေးသည့်တစ်ပိုင်းကို ဆတ်ခနဲ ဆွဲယူပြီးစဉ်းစားသည်။"ကြည့်စမ်းပါဦးတော်၊ဒီလူက ရဲတင်းရုံမက ရိုင်းလဲရိုင်းသေးတယ်၊ကျေးဇူးတင်တဲ့အမူအရာ တောင်တစ်စက်ကလေးမှ ပြဖော်မရဘူး"

အမျိုးသမီးစိတ်မှာ ဒီလောက်ကြိတ်မနိုင် ခဲမရ အခံရခက်တာမျိုး တစ်ခါမျှမကြုံဖူးခဲ့။လေယာဉ်ခရီးစဉ် ခေါ်ပြီဆိုတော့မှလွတ်ပြီ ကျွတ်ပြီဟု စိတ်ထဲ အများကြီးပေါ့သွားပြီး သက်ပြင်းချသည်။သူများကွတ်ကီနှိုက်စားပြီး ကျေးဇူးတင်စကားတစ်ခွန်းမှမပြောသည့် အဲသည်လူကို တစ်ချက်မျှပင် လှည့်ကြည့်မနေပဲ ကိုယ့်အိတ်တွေဆွဲပြီး လေယာဉ်ထွက်မည့်ဂိတ်ဆီ သူထွက်လာခဲ့သည်။

လေယာဉ်ပေါ်ရောက်သည်။ထိုင်ခုံမှာ ထိုင်ချလိုက်ပြီး ပြီးခါနီးစာအုပ်ကိုဆက်ဖတ်ရန် အိတ်ထဲနှိုက်သည်။ အဲသည်အခါကျမှ သူ အကြီးအကျယ်အံ့အားသင့်ကာ ဟယ်ခနဲဖြစ်သွားရသည်။သူဝယ်လာသည့် ကွတ်ကီထုပ်က သူ့ဆီမှာပဲရှိနေသည်။

"ငါ့အထုပ်ဒီမှာဆို ဟိုဟာသူ့အထုပ်ပေါ့။ "အမျိုးသမီးအကြီးအကျယ်စိတ်ဓာတ်ကျသွားသည်။"သူ ငါ့ကို စားပါစေလို့ပေးနေတာကိုး၊" ဟိုလူ့ကို သူ အကြီးအကျယ်အားနာသွားသည်။ခုမှတော့ တောင်းပန်ဖို့လည်းမဖြစ်နိုင်တော့။သူမ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်သွားမိသည်။ ခုတော့...သူမသာလျှင် ရိုင်းသောသူ ၊ သူမသာလျှင် သူတစ်ပါးမုန်ကိုနိုက်စားသူ။ ကွတ်ကီသူခိုး...။



The Cookie Thief
by Valerie Cox


A woman was waiting at an airport one night,
With several long hours before her flight.
She hunted for a book in the airport shops.
Bought a bag of cookies and found a place to drop.

She was engrossed in her book but happened to see,
That the man sitting beside her, as bold as could be.
Grabbed a cookie or two from the bag in between,
Which she tried to ignore to avoid a scene.

So she munched the cookies and watched the clock,
As the gutsy cookie thief diminished her stock.
She was getting more irritated as the minutes ticked by,
Thinking, "If I wasn't so nice, I would blacken his eye."

With each cookie she took, he took one too,
When only one was left, she wondered what he would do.
With a smile on his face, and a nervous laugh,
He took the last cookie and broke it in half.

He offered her half, as he ate the other,
She snatched it from him and thought... oooh, brother.
This guy has some nerve and he's also rude,
Why he didn't even show any gratitude!

She had never known when she had been so galled,
And sighed with relief when her flight was called.
She gathered her belongings and headed to the gate,
Refusing to look back at the thieving ingrate.

She boarded the plane, and sank in her seat,
Then she sought her book, which was almost complete.
As she reached in her baggage, she gasped with surprise,
There was her bag of cookies, in front of her eyes.

If mine are here, she moaned in despair,
The others were his, and he tried to share.
Too late to apologize, she realized with grief,
That she was the rude one, the ingrate, the thief.

How many times in our lives,
have we absolutely known
that something was a certain way,
only to discover later that
what we believed to be true ... was not?



Source: Chicken Soup for the Soul, copyright 1996 by Jack Canfield and Mark Victor Hansen
Author: Valerie Cox

မှတ်ချက်...

http://www.quantum-leap-strategies.com/ မှ မူရင်းကို ယူပါသည်။
ကြွက်ကလေး ကို google က ယူပါသည်။

Saturday, October 9, 2010

War/No More Trouble

အခုတလော ခဏခဏ ပြန်နားထောင်ဖြစ်တဲ့ သီချင်းဟောင်းလေး တစ်ပုဒ်ပါ။ သီချင်းကိုလည်းကြိုက်တယ်။ ဒီသီချင်းထဲမှာ ပါတဲ့ အနုပညာရှင်တွေရဲ့ အားထုတ်မူကိုလည်း လေးစား အားကျတယ်။
ဒီသီချင်းကိုနားထောင်ဖြစ်တိုင်း ဒီအသက် ဒီအရွယ် ထိလောက အကျိုးပြုတဲ့အလုပ် ဘာတစ်ခုမှ (ဘယ်လိုပုံစံ မျိုးနဲ့မှ)မလုပ်ဖြစ် မလုပ်နိုင်သေးတာကို သတိရပြီး အားမလို အားမရဖြစ်မိတယ်။ကိုယ့်ခြေထောက်ပေါ်ကိုယ်မြဲအောင်ရပ်နိုင်ဖို့ မိသားစုကိုထောက်ပံ့ ဖို့ နဲ့ပဲ အချိန်တွေကုန်နေတော့တယ်။တိုးတက်မှူကအားရစရာ မရှိသေးဘူး ။ (ကိုယ့်အား ကိုယ်ကိုး ပြီးသမာအာဇီဝနဲ့ဝမ်းကျောင်းနိုင်တာကိုပဲ ကျေနပ်ရမလိုဖြစ်ဖြစ်နေတယ်။)
ကြိုးစားနေတယ်ဆိုတာထက် ရုန်းကန်နေ တယ်လို့ ဆိုရင် ပိုမှန်လိမ့်မယ်။ တရွေ့ရွေ့ကုန်နေတဲ့ အချိန်တွေကိုနှမြောမိတယ်။နောက်ပြီး ဒီအချိန်တွေကုန်သွားတိုင်း ကုန်သွားတိုင်း တစ်ရက်ပြီးတစ်ရက် ကြီးကြီး လိုက်လာတဲ့ အသက် အရွယ်တွေ...။

Sunday, October 3, 2010

အတောင်ညောင်းတဲ့ ငှက်( အံ့မောင်)













ငန်းတစ်အုပ်ဟာ အေးတဲ့ဒေသကနေပြီး ပူနွေးတဲ့တိုင်းပြည်တွေရှိရာဆီ ပျံနေကြသတဲ့။ ပင်လယ်ပြင်ကြီးပေါ်မှာ ပျံကြရတာ။တစ်နေ့နဲ့ တစ်ည နောက်တစ်နေ့နဲ့နောက်တစ်ည မရပ်မနားပျံကြသတဲ့။
ထက်ကောင်းကင်မှာ လမင်းကြီးက ပြည့်ပြည့် ၀န်းဝန်းသာနေတယ်။ အောက်မှာတော့ပင်လယ်ရေပြင်ပြာ။
ငန်းတွေဟာ တောင်ပံခတ်ရတာ ညောင်းလှပြီ။ ဒါပေမယ့်မနားဘူး။ ဆက်ပျံနေတာပဲ။ သန်သန်စွမ်းစွမ်း ငန်းကြီးတွေက ရှေ့ကပျံတယ်။ ပျော့တဲ့ငန်းငယ်တွေက နောက်ကလိုက်ကြတယ်။
ငန်းငယ်တစ်ကောင်ဟာ အုပ်ရဲ့နောက်စွန်းကပျံလာတယ်။ အားကုန်လှပြီ။ တောင်ပံကို ဆက်ခတ်နေရသေးပေမယ့်ပျံနိုင်အားမရှိတော့ဘူး။အဲဒီတော့ ခတ်အားလျော့ပြီးတော့ အောက်ကို တရွေ့ရွေ့ကျလာတယ်။ ရေပြင်နဲ့နီးနီးလာပြီ။ ရှေ့က ငန်းတွေကတော့ဆက်ပျံနေတာပဲ။ တဖြည်းဖြည်းမှုန်မှုန်သွားပြီး လရောင်မှာ အဖြူ စက်ကလေးတွေပဲ ကျန်တော့သတဲ့။
ငန်းငယ်ကတော့ ရေပြင်ပေါ်ကျသွားတယ်။သူ့တောင်ပံတွေကိုလဲရုပ်လိုက်ပြီ။ ပင်လယ်ရေကသူ့ပတ်ပတ်လည်မှာ တဖျတ်ဖျတ်တေးသံကျူးလို့ သူ့ကို တငြိမ့်ငြိမ့်လှုပ်လွှဲပေးနေတယ်။ ငန်းအုပ်ကြီးကတော့ အခုဆိုယင် လရောင်ဝင်းတဲ့ ကောင်းကင်ပြင်မှာ အဖြူမျှင်မှုန်မှုန်မှေးမှေးကလေးသာ ရှိတော့သတဲ့။ ငြိမ်တိတ်နေတဲ့ည၀န်းကျင်မှာ ငန်းတွေရဲ့တောင်ပံခတ်သံကို သဲ့သဲ့ ကြားရသတဲ့။ နောက်တော့အားလုံးပျောက်သွားရော။
ငန်းငယ်ဟာ သူ့လည်တံရှည်ကြီးကို ကွေးပြီး မျက်လုံးကို မှေးမှိတ်ထားလိုက်တယ်။တုတ်တုတ်မှမလှုပ်ဘူး။ ပင်လယ်ရေလှိုင်း တငြိမ့်ငြိမ့်လှုပ်သလောက်သာ သူဟာနိုမ့်ချည် မြင့်ချည်ဖြစ်နေတယ်။ လင်းခါနီးကျတော့ လေပြေကလေးသွေးလာလို့ လှိုင်းအိကလေးတွေကြွလာတယ်။ ငန်းငယ်ရဲ့ဖြူဖြူဖွေးဖွေး ရင်အုံဆီကို ရေမှုံရေမွှားကလေးတွေ စဉ်လို့။ ငန်းကလေးဟာ မျက်စိဖွင့်ကြည့်လိုက်တယ်။ အရှေ့ကောင်းကင်ကြီးလဲ နီရဲနေပြီ။ ဖိုးလမင်း နဲ့ ကြယ်ကလေးတွေလည်း အရောင်ဖျော့သွားကြပြီ။ ငန်းငယ်က သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး သူ့လည်တိုင်ကိုညွတ်ကွေး ဆန့်ထုတ်လိုက်တယ်။ တောင်ပံကိုတစ်ချက်နှစ်ချက်ခတ်ပြီး ရေပြင်ပေါ်ကကြွလိုက်တယ်။ တောင်ပံတစ်ချက်ခတ်တိုင်း တောင်ပံစွန်းနဲ့ ရေပြင်နဲ့ သွားတွေ့ကြတယ်။ သူဟာပျံတက်ပြီ။ အမြင့်ကြီးရောက်သွားပါပြီ။ ရေပြင်ကြီးဟာလဲ အောက်အဝေးကြီးမှာ ကျန်ရစ်တော့တယ်။
ငန်းငယ်ဟာ ပူနွေးတဲ့တိုင်းပြည်တွေရှိရာဘက်ဆီကိုပျံပြီ။ သူ့အဖော်တွေ ပျံသန်းခဲ့တဲ့လမ်းအတိုင်း ငြိမ်သက်နေတဲ့ရေပြင်ကြီးကို ကျော်ပြီးပျံပြီ။

LEV TOLSTOI ' S "THE SWANS" ကိုအံ့မောင် ပြန်ဆိုသည်။


" THE SWANS "
A flock of swans were flying from the cold regions to lands that were warm.They were flying over the sea, flying a day and a night, and another day and a night over the waters, without ever resting. A full moon hung in the sky over them and below they saw the blue of the sea. All were tired flapping their wings, but they flew on, never pausing.The strong old swans flew in the lead, followed by the younger and the weaker. One young swan flew just behind the flock. His strength was ebbing. Though still winging on, he could not fly any farther. Lowering his wings then, he glided downwards, closer and closer to the water, while his mates flew on until they were but fading spots of white in the moon light.
The young swan sank to the water and folded his wings.The sea rustled all around, rocking him gently. The flock now was only a dim strip of white of the moonlit sky.In the stillness he could yet hear the whirring of their wings.
When they were gone, he arched his neck back and closed his eyes. He did not stir , rising and falling only with the large folds of the sea.A light wind rippled the surface just before dawn, and spray splashed his white breast. He opened his eyes and saw the sky red in the East. The Moon and stars had grown dimmer. The swan sighed, arched his neck, flapped his wings and rose, touching the water with their tips at every stroke. He flew higher and higher ; and when the water was far below,he sped forward where the warm lands lay, crossing the silent waters over which his mates had flown.

( Leo Tolstoy )LEV TOLSTOI
ပုံကို http://www.lrgcoaching.com/ မှ ယူပါသည်။