Showing posts with label ဓာတ်ပုံ. Show all posts
Showing posts with label ဓာတ်ပုံ. Show all posts

Wednesday, February 16, 2011

La Lecture ,The Thinker & Toilet.

ကျွန်တော်တို့ကျောင်းမှာတုန်းက သူငယ်ချင်းတွေ စုမိတဲ့ အချိန် သူငယ်ချင်းတစ်ယောက်ကကြွားစရာမရှိ ထကြွားပါတယ်။ဒီတက္ကသိုလ် တ၀င်းလုံး ငါ မရောက်ဘူးတဲ့နေရာမရှိဘူးကွတဲ့။ အဲဒါနဲ့ တစ်ယောက်က အမြင်ကပ်လို့ထင်ပါရဲ့ .. မင်း ဟို မိန်းခလေး အိမ်သာထဲရောရောက်ပြီးပြီလား..လို့ ပြန်မေးပါတယ်။
ကျွန်တော်လည်း စင်္ကာပူမှာ နေရာ အနှံ့မရောက်ဘူးတဲ့နေရာမရှိရလေအောင်(မိန်းမ အိမ်သာကလွဲလို့) လျှောက်သွားပါတယ်။ အားတာနဲ့ အပြင်လစ်တော့တာပါပဲ။
ပြီးခဲ့တဲ့ sunday ကMBS အတွင်းထဲ ကိုရောက်ခဲ့တယ်။ အပေါ် တော့မတက်ဖြစ်သေးဘူး။ အဖော်ပါမှ တက်မယ်စိတ်ကူးတာ ။ တစ်ယောက်ထဲဆိုတော့လည်းပျင်းချောက်ချောက်နဲ့မို့လေ...။

La Lecture
ဒီရုပ်ထုကိုတွေ့တော့ သဘောကျလို့ ဓာတ်ပုံရိုက်ခဲ့တယ်။ အပေါ်ပိုင်းသေးသေး အောက်ပိုင်းကြီးကြီးနဲ့ အမျိုးသမီး တစ်ယောက် စာ ထိုင်ဖတ်နေတဲ့ပုံ ပါ။ အ၀တ် အစားမပါဘူးလို့ပြောဖို့ ခက်ပါတယ်။ Modern Art တွေမှာ ပန်းချီ ဖြစ်ဖြစ် ပန်းပု ဖြစ်ဖြစ် ခံ စားသူကစိတ်အတွေး ကျယ်သလောက် ထုတ်နှုတ်၊ ဖြည့်စွတ် ခံစားနှိုင်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမယ့် ဒီ Sculpture က Sexy ဖြစ်တယ်ဆိုတာတော့ ငြင်းဖို့ ခက်ပါလိမ့်မယ်။ ဒီအရုပ်ကို ကျွန်တော် တော့ သဘောကျပါတယ်။

La Lecture


The Thinker

တရုပ်နှစ်ကူးတုန်းက Sentosa မှာရိုက်ခဲ့တဲ့ တွေးခေါ်ရှင်ရုပ်ထုပါ။ ဒီကမ္ဘာကျော် ရုပ်ထုကိုကြည့်ရတာ (လူတွေရှုပ်ရှက်ခတ်နေတဲ့ကြားထဲ အ၀တ်မပါ ဘာမပါနဲ့ ထိုင်တွေးနေတာမို့ )မျက်နှာပူ စရာကောင်းပါတယ်။ Realism Sculpture မို့လို့ ဒီပုံကတော့ အ၀တ်အစားမပါတာ သေခြာပေါက်ပြောလို့ရပါတယ်။သူ့ကိုကြည့်ရတာတွေးတောဆင်ခြင်နေပုံလည်းမရှိသလိုပဲ။ ထိုင်ပြီး ညာဖက်လက်ထောက်ထားပုံကလည်း သက်တောင့်သက်သာမရှိ၊ အကျဉ်းအကျပ် အခက်အခဲတစ်ခုခုတွေ့နေပုံပေါက်ပါတယ်။ သူ လည်း သူ့ကိုဖန်တီးသူက ငါ့ကို ဘာလို့အ၀တ်အစားဆင် မပေးတာပါလိမ့်လို့ပဲ စဉ်းစားနေတာဖြစ်ပါလိမ့်မယ်။တကယ်တော့ ဒီရုပ်ထုကနေရာ အဆင်မပြေတာလို့ထင်ပါတယ်။ လမ်းလယ်ခေါင်ကြီးဆိုတော့ကြည့်ရတာအဆင်မပြေပါဘူး။ ပန်းခြံ သို့မဟုတ် အဆောက်အဦးကြီးကြီးရဲ့ အတွင်းပိုင်း ဆိတ်ငြိမ် တဲ့နေရာမှာနေရာချသင့်ပါတယ်။
ဒီပုံကိုမြင်တော့ငယ်ငယ်တုန်းကကြည့်ခဲ့ဘူးတဲ့ တစ်ကွက်ကာတွန်းလေးကို သွားသတိရတယ်။ Museum တစ်ခုကLeonardo da Vinci ရဲ့ နာမည်ကျော် Mona Lisa ပန်းချီကား ရဲ့ရှေ့မှာ The Thinker ကို စီစဉ်သူတွေကနေရာချထားတယ်။ မိုနာလီစာက တွေးခေါ်ရှင်ကိုကြည့်ပြီး ရယ်တာ(မကြည့်ပဲမနေနှိုင်ဘူးထင်ပါရဲ့) အသံတွေတောင်ထွက်လို့ ဆိုပဲ။




MARINA BAY Sands က his ပါ။ အိမ်သာဆို နံတယ်လို့ပဲ(မြန်မာပြည်မှာ တုန်းက ) စိတ်ထဲမှာစွဲနေခဲ့တာ။ အပေါ်က ပန်းအိုးထဲမှာက ပိန်းပန်း Flamingo Lily (Anthurium andraeanum) - flower ပန်းရောင်လေးတွေပါ။ ကျွန်တော်တို့ဆီမှာရှိပေမယ့် ရှားပါတယ်။(တချို့ပေါတဲ့ အရောင်တွေတော့ရှိပါတယ်)အိမ်သာက နံဖို့ ဝေလာဝေး လို့မွှေးများတောင်နေပါသေး ။ စင်္ကာပူရောက်ခါစကလည်း အလုပ်နဲ့ Gleneagles Hospital ကိုရောက်တော့ အိမ်သာဝင်တာ သန့်ရှင်း မွှေးကြိုင် နေလို့တအံ့တသြဖြစ်ရပါတယ်။

Saturday, January 8, 2011

အပြာရောင်








အလုပ်ချိန်တွေက များတော့ စာဖတ်ချိန်မရဘူး။ စာဖတ်အား နည်းတော့ ဘာရေးလိုက် ရေးလိုက် အဆင်မပြေ ဘူးဖြစ်နေတယ်။ နောက်ပြီး အလုပ်အားတဲ့ အချိန်ဆိုရင်လည်း အိမ်မှာနေရတာ မွန်းကျပ်နေတာနဲ့ အပြင်ထွက်ဖြစ်တာ များတယ်။ ဓာတ်ပုံလေး တွေတော့ ရိုက်ဖြစ်ပါရဲ့။ဒါပေမယ့် ဓာတ်ပုံလေးတွေ လဲ တင်တာ နောက်ကျနေပြန်ရော။ ဒီဇင်ဘာတုန်းက ရိုက်ထားတဲ့ ပုံ လေးတွေပါ။
စာသိပ်မရိုက်ဖြစ်တော့ ဘလော့ဂါကြီးတွေပြောနေကြတဲ့ ဦးနီ တို့ ဇော်ဂျီတို့ ကိစ္စ တွေ ဦးနှောက်စား စရာမလိုသေးဘူးပေါ့။
ဦးနီက ပိုကောင်းတယ် ဆိုပြီးအများကပြောင်းကြပြီ ဆိုရင်တော့လည်း ဘလော့လေးအသက်ရှည်အောင် နောက်ကလိုက်ပြီးပြောင်းရုံပါပဲ။ ဆရာ့ နောက်ကလိုက်ရုံပေါ့။ ဘာခက်လို့လည်း...။အေးဆေး...ပဲ။